မိုးညှင်း အောက်တိုဘာ ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးရုံးများ၌ မဲစာရင်းများကြေညာထားရှိမှု အခြေအနေများကို အောက်တိုဘာ ၁ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ခံအရာရှိများက မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်းများကြေညာထားရှိမှုအခြေအနေများနှင့် ပြည်သူများမှ မဲစာရင်းများကြည့်ရှုနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက မဲစာရင်းတွင် မပါဝင်သေးသူများပါဝင်စေရေးနှင့် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း