တောင်ဥက္ကလာပ အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား အားကစားသစ္စာအဓိဌာန် (၄) ချက်ကို ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲယှဥ်ပြိုင်နေမှုများအား လိုက်လံကြည့်ရူအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို (၂.၁၀.၂၀၂၅) ရက်နေ့မှ (၈.၁၀.၂၀၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများအား ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မင်းဟန်(ပြန်/ဆက်)