ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းအား ပြည်သူများ လာရောက်ကြည့်ရှု့လျက်ရှိ

ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ်မြောက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ကပ်ထားကြေညာလျက်ရှိရာ အောက်တိုဘာလ(၁)ရက်နေ့တွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူပြည်သူများမှ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။

မဲစာရင်းများကပ်ထားကြေညာသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုရုံးများသို့လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၄)အုပ်စုရှိသလို ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် လည်းမဲစာရင်းများကို စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာလ (၁၃)ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)