ကျေးသီး အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်ကအချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ အာရုံစူးစိုက် လေ့လာမှု၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကျင်းပရာ အ.မ.က(မူလွန်)ကျောင်းလုံပုမှ ကျောင်းသား၊ ကျောင်းသူ (၃၃)ဦးတို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)