မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ

ချမ်းအေးသာစံ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၏ မြန်မာ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms.Noriko Takagi အား စက်တင်ဘာလ(၃၀)ရက် နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင်    တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးအလွန် ကာလပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms.Noriko Takagi ကမြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော UNHCR ၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ ငလျင်ဘေးသင့်သူများအတွက် UNHCR မှ ကူညီထောက်ပံ့ပေးနေမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင် သိရသည်။

ထွန်းထွန်းနိုင်