မဟာမုနိဘုရားကြီးနှင့် ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားတို့ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဖူးမြော်

ချမ်းအေးသာစံ အောက်တိုဘာ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး စက်တင်ဘာလ(၃၀)ရက်နေ့ ညနေပိုင်းကလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ လိုက်လံကြည့်ရှုရာတွင် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီး ဆုံးရှုံးခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံတည် ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ဆက်လက်၍ အမရပူရမြို့နယ်ရှိ သမိုင်းဝင်ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားသို့ရောက်ရှိပြီးမန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့်အရံစေတီတော်များ၊ ရုပ်ပွားတော်မြတ်ကြီးနှင့်သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်