မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃ ဧက စိုက်ပျိုးပြီးစီးရာ သတ်မှတ်လျာထားချက် ပိုမိုစိုက်ပျိုးနိုင်

မိတ္ထီလာ အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃ ဧက စိုက်ပျိုးပြီးစီးရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးစပါးကို ဆည်ရေကန်ရေဖြင့် လည်းကောင်း၊ ဆည်ရေ ကန်ရေမရသည့် ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့ပြီး ၎င်းလျာထား သတ်မှတ်ထားသည့်စိုက်ဧကများ သတ်မှတ်လျာထားချက် ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံစိုက်ပျိုးရေး တောင်သူများနှင့်ပူးပေါင်း၍  မိုးစပါးများကို သြဂုတ်လ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ပျိုးဧက ၁၃၂၂၃ ဧက စိုက်ပျိုးပြီး စီးကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ဧကများအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးကို ထမုန်ကန် ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၅၀ ဧက၊ ခင်လူးကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀ ဧက၊ ညောင်ကိုင်း ကျေးရွာအုပ်စုတွင် စိုက်ဧက ၈၀ ဧက၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၈၀ ဧက၊ ကန်သာကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ညောင်ကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၇၈.၅၀ ဧက၊ ကျောင်းရွာကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၁.၅၀ ဧက၊ မြာကျေးရွာအုပ်စုတွင် စိုက်ဧက ၃၆ ဧက၊ ကွက်ကျေးရွာအုပ်စုတွင် စိုက်ဧက ၇၃ ဧက၊ အိုင်ကြီးလည်ကျေးရွာအုပ်စုတွင် စိုက်ဧက၃၈ ဧက နှင့် အလည်ရွာကျေးရွာတွင် စိုက်ဧက ၁၃ ဧက  စုစုပေါင်း စိုက်ပျိုး ဧက ၈၀၀ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)