မတ္တရာမြို့နယ်၌  မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကြေညာထား

မတ္တရာ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃ဝ ရက်မှ စတင်၍ ပထမအကြိမ်အဖြစ် ကြေညာထားကြောင်းသိရသည်။         

မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို အောက်တိုဘာ ၁၃ ရက်အထိ ကြေညာ သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းကိုလာရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃)၊ ကန့်ကွက်လိုပါက ပုံစံ (၄)၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပုံစံများ အခမဲ့ ရယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့သို့ မဲဆန္ဒရှင်များစာရင်းများကြေညာထားသောနေရာများသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အရာရှိ ဒေါ်ဆုမြတ်မွန်ထူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

မတ္တရာမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၃ အုပ်စုရှိပြီး မဲဆန္ဒရှင် ဦးရေ ၂ဝဝဝဝ၅ ဦး ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်