ပြင်ဦးလွင်မြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ  

ပြင်ဦးလွင်    အောက်တိုဘာ      ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင်  ၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲကျော်သူ ခန်းမဆောင်၌ ကျင်းပသည်။ ဦးစွာ  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ခရိုင်အတွင်းရှိရဲစခန်းများမှ ကြိုးစားအားထုတ်မှု၊ မှုခင်းဖော်ထုတ် ဖမ်းဆီးရရှိမှု၊ ပြေးလေးပြေးဖော်ထုတ်ရရှိမှု အစရှိသော ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာနှင့်ပတ်သက်သည့်  ဆုများကို ရဲတပ်ဖွဲ့ဝင်ဇနီးများအား ပေးအပ်ချီးမြှင့်ကြောင်းသိရသည်။

ခရိုင်၊ပြန်/ဆက်