ကျောက်ဆည်ခရိုင်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတာ်တွင် ပြိုင်ပွဲများကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်း 

ကျောက်ဆည် အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲများကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။

ဦးစွာ ကျောက်ဆည်စာရေးဆရာအသင်းနာယက ဦးကျော်သန်း(မောင်ခိုင်ကျော်)ကျောက်ဆည်က စာရေးဆရာအသင်းဝင်များအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆောင်ရွက်သွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး နာယက ဦးစိုးမြင့်ဒွဏ်းက ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်စည်းကမ်းမျးစနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးတွင် ပါဝင်ထည့်သွင်းသွားမည့် အဓိကပြိုင်ပွဲ(၇)မျိုးအကြောင်း၊ မြို့နယ်စာရေးဆရာများအသင်းဥက္ကဌ စာရေးဆရာမချောယဉ်မင်းက ပြိုင်ပွဲများအလိုက် အမှတ်ပေးဒိုင်များအတည်ပြု ဖွဲ့စည်းနိုင်ရေး  ဆွေးနွေးသည်။    

ဆွေးနွေးပွဲသို့တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင်များမှ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကြီးအောင်မြင်စွာဖြင့် စည်းကားသိုက်မြိုက်ရေး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ အခြေခံပညာကျောင်းများအားလုံးပါဝင်နိုင်ရေး ပူးပေါင်းဆွေးနွေးခဲ့ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း   သိရသည်။

သက်မောင် ကျောက်ဆည်