ပုဂံမြို့ ယွန်းပညာကောလိပ်တွင် ဒစ်ဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်း

ပုဂံ အောက်တိုဘာ ၁

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယွန်းပညာကောလိပ်တွင် “ဒစ်ဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီက အဆိုပါကောလိပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ယွန်းပညာကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က “MSME လုပ်ငန်းများ မြှင့်တင်ရေး နှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ခြင်းစီမံကိန်းအတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဆောင်ရွက်သည့် "ဒစ်ဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖြစ်ကြောင်း၊ အသေးစား ကုန်ထုတ် လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်စွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာ၊ ဗဟုသုတများတိုးပွားလာစေရန်၊ လုပ်ငန်းရှင် များအား ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးရန်၊ မိမိတို့ဌာနတွင် ရေးဆွဲထားသော SSID Website နှင့် ပတ်သက်၍ လုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်၍ ဈေးကွက် ထိုးဖောက်ဝင်ရောက်နိုင်စေရန်၊ Online Registration Website နှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား Online မှတ်ပုံတင်ခြင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်နှင့် အသိပညာများဝေမျှပေးရန်၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်စေရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး သင်တန်းနည်းပြ ဦးစီးအရာရှိ ဒေါ်ခင်ခင်လေးမှ သင်တန်းတွင် Online စနစ်ဖြင့် ကုန်ပစ္စည်းများရောင်းချရာတွင် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများ အကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရေးဆွဲထားသည့် ssid website ဝင်ရောက်ပုံနှင့် အသုံးပြုနည်းများအကြောင်း၊ Email အကောင့်ဖွင့်နည်း၊ email အသုံးပြုနည်း၊ လုပ်ငန်းမှတ်ပုံတင်ခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ လုပ်ငန်းမှတ်ပုံတင်နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် Online Registration လျှောက်ထားပုံအဆင့်ဆင့်တို့ကို အသေးစား ကုန်ထုတ်လုပ်ငန်းရှင်၂၀တို့အား ရှင်းလင်းပို့ချခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း