ပုသိမ်ကြီး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးမှူး ဒေါ်မော်မော်ခိုင်က ပြည်တွင်းအခွန်များ ဦးစီးဌာန၏ လိုက်နာကျင့်သုံးရမည့် အခွန်ဆိုင်ရာ ဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့်စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အခွန်အကြောင်းသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေအရ အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန်များဥပဒေအရ လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်အခွန်ဦးစီးမှူး ဒေါ်မော်မော်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်