တံတားဦးခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

တံတားဦး  အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တွင် ၂၀၂၅ခုနှစ်အောက်တိုဘာ(၁)ရက်တွင်ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့  မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ဇော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သည့် (၆၁)မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအားဖတ်ကြားသည်။ ထို့နောက် ခရိုင်အတွင်းရှိ ရဲစခန်းများမှ ကြိုးစားအားထုတ်မှု၊ မှုခင်းဖော်ထုတ်ဖမ်းဆီရရှိမှု ပြေးလေးပြေး ဖော်ထုတ်ရရှိမှုအစရှိသော ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာနှင့်ပတ်သက်သည့်  ဆုများကို ရဲတပ်ဖွဲ့ဝင်ဇနီးများကို ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပေးအပ်သည်။ ထို့နောက်  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်မောင်ဇော်မှ မှုခင်းဖော်ထုတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြ သူများနှင့် ရဲမှုထမ်းဟောင်းများအား  အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)