မြဝတီမြို့တွင် (​၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မြဝတီ      အောက်တိုဘာ ၁

၂၀၂၅ခုနှစ် အောက်တိုဘာ၁ရက်တွင် ကျရောက်သည့််(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့  အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကရင်ပြည်နယ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးပေးပို့သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးကျော်ဟိန်းက ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ၂၀၂၅ခုနှစ်အတွင်း လုပ်ငန်းတာဝန် ကျေပွန်စွာ ထမ်းဆောင်သည့်ဆုနှင့် အားကစားထူးချွန်ဆု များရရှိကြသည့် ရဲတပ်ဖွဲ့ဝင်များ၊  ရဲလုပ်ငန်းတွင်ပူးပေါင်းပါဝင်ဆောင်ရွက်သူ ပြည်သူသုံးဦးနှင့် ရဲမှုထမ်းဟောင်းများ၊ ဘက်စုံသုံးအလှူငွေလှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ဆုများနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများချီးမြှင့်ခဲ့ကြသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)