ပုသိမ်ကြီး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းများအား စက်တင်ဘာ (၃၀)ရက် နံနက်ပိုင်းမှ စ၍ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားသည်။
ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို အောက်တိုဘာ (၁၃) ရက်အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် (၁၄) ရက်ကြာကပ်ထား ကြေညာပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိ ပါက ပုံစံ (၃) ဖြင့် တောင်းဆိုရမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသည်တို့တွင် မှားယွင်းနေပါက ပုံစံ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ပါကြောင်းနှင့် အထက်ပါ ပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ ထုတ်ယူနိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နေလင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူနှင့် အဖွဲ့ဝင်များ၊ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်း ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်