တပ်ကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ

တပ်ကုန်း အောက်တိုဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားသည်။

အဆိုပါ မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်လျှောက်ထားခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သောပုံစံများကို ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။ 

တင်စိုးလွင်