ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင်စာရင်းရရှိရန် အိမ်ထောင်စုတစ်စုလျှင်အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံနှိုး‌ဆော်

မဟာအောင်မြေ  အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင် မည်ဖြစ်ကြောင်း၊ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို သက်ဆိုင်သည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အောက်တိုဘာ ၁၃ ရက်  နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း၊ ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်)လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံနှိုး‌ဆော်ပါကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က  ပြောကြားသည်။

‎‎အောင်ဇော်မင်း