စဉ့်ကိုင် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ(၃၀)ရက် နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ မှ အောက်တိုဘာ၁၃ရက်အထိ ရက်သတ္တ(၂)ပတ်ကြာကပ်ထားကြေညာမည်ဖြစ်ကြောင်းနှင့်မဲဆန္ဒရှင်များ လာရောက်ကြည့်ရှု ပြီး မိမိအမည်မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းတိုကို ဆောင်ရွက်ရ မည်ဖြစ်ပြီး အဆိုပါပုံစံများကိုရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ဆောင်ရွက်နိုင်ပြီး မဲဆန္ဒရှင်စာရင်းများ ကြေညာ ထားမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်