ပြင်ဦးလွင်မြို့နယ်အတွင်း  မဲဆန္ဒရှင်စာရင်းများကြေညာ

ပြင်ဦးလွင်  စက်တင်ဘာ   ၃၀ 

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင်  ပြင်ဦးလွင်မြို့နယ်အတွင်း ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်းသိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ၁၃ရက်အထိ ရက်သတ္တပတ် (၂)ပတ်ကြာကပ်ထားကြေညာမည်ဖြစ်ကြောင်းနှင့်မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါကပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတိုကို ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ ပုံစံများကို  ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ပြီးဖြည့်စွက် ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများ   ကြေညာထားမှုအား  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ခဲ့‌ကြကြောင်း သိရသည်။ 

ခရိုင်(  ပြန်/ဆက် )