ကျောက်ဆည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်မဲပေးနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင်းနှင့် မဲဆန္ဒရှင်စာရင်း ကြေညာခြင်းများကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိုက်ထိုက်ဇော်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ကိုလတ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ၊ မဲစာရင်း၌အမည်ပယ်ဖျက်ပြီးကြောင်း ထောက်ခံခြင်း၊ အခြား ဒေသတစ်ခုသို့ ပြောင်းရွေ့မည်ဖြစ်သဖြင့် မဲစာရင်းမှအမည်စာရင်းကို ပယ်ဖျက်ပေးရန် တောင်ဆိုလွှာ၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ၊ မဲစာရင်းမှအမည်ကို ပယ်ဖျက် ပေးရန် တောင်းဆိုလွှာ၊ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာများ ရှိပါက သတ်မှတ်ထားသည့်ပုံစံစာရွက်များအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ပြီး လိုအပ်သည့်အချက်များရေးသွင်းကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ပေးပို့နိုင်ကြောင်း သိရည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာ (၂၂၃)ရွာရှိပြီး မဲဆန္ဒရှင် (၁၇၈၈၄၂) ဦးရှိပြီး မဲရုံပေါင်း(၁၈၉)ရုံ ရှိကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်