မိုင်းယု စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့က မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို မိုင်းယုမြို့မရပ်ကွက်၊ တာကြန့်ကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စုရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ ပေးလျက်ရှိရာ သက်ဆိုင်ရာမဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှု လျက်ရှိကြသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင် စာရင်းများ မှန်ကန်စေရန် ရည်ရွယ်ဆောင်ရွက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း မပါရှိသူများ၊ ပြင်ဆင်လိုသူများ၊ ကန့်ကွက်လိုသည်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာရင်းထုတ်ပြန်ကြေညာသည့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အတွင်း သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
မိုင်းယု ပြန်/ဆက်