မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် စတင်ကပ်ထားကြေညာ

မိုးနဲ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက် ၇ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ ‌စာသင်‌ကျောင်းများနှင့် သက်ဆိုင်ရာ ရပ်/ကျေးရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်မျာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့အပါအဝင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ အုပ်စုတို့တွင် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၅၉၉၁ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)