နောင်ချို စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက် ၇ နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
အဆိုပါ မဲစာရင်းကပ်ထားပေးမှုများအား ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘိုးရီ၊ အဖွဲ့ဝင်များနှင့် နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များသည် ပြည်သူများမှ မဲစာရင်းလာရောက်ကြည့်ရှုခြင်း၊ မဲစာရင်းတွင်ပါဝင်ရန်တောင်းဆိုခြင်း၊ အမှားပြင်ဆင်ခြင်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာ (၁၉)ရွာတို့တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၆၉၀၃၆)ဦးရှိပြီးမဲရုံ (၅၆)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)