တာလေ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ (၃)ဖြင့် တောင်းဆိုနိုင်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ-၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်းနှင့် အထက်ပါပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)