မဟာအောင်မြေမြို့နယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုအခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး

မဟာအောင်မြေ စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကပ်ထားကြေညာထားရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎မဟာအောမြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာမြိုင် (၁) ရပ်ကွက်၊ မဟာမြိုင်(၂) ရပ်ကွက်၊ တက္ကသိုလ်ရပ်ကွက်၊ မဟာနွယ်စဉ်ရပ်ကွက်၊ စကြာနွယ်စဉ်ရပ်ကွက်၊ ရတနာဘုမ္မိအ‌ရှေ့ရပ်ကွက်၊ သံလျှက်‌မှော်အနောက်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်နှင့်‌ ဒေဝန်းအ‌ရှေ့ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်နှင့်တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

‎‎အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ဇော်မင်း