ပုံပါကျင် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများသတ်မှတ်ရက်တွင် အသင့်ကပ်ပြီးဖြစ်ရန် ယမန်နေ့ နေ့လယ် (၁၂) နာရီက ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုံပါကျင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ နယ်မြေရဲစခန်း၊ စည်ပင်သာယာရေးအဖွဲ့တို့ပါ၀င်သော အဖွဲ့က မဲစာရင်းများသတ်မှတ်ရက်တွင် ပြည်သူများ အဆင်သင့်ကြည့်ရှူစေနိုင်ရန်အတွက် မဲစာရင်းများ အသင့်ကပ်ပြီး/မပြီးနှင့် ကြည့်ရှုရလွယ်ကူစေရန် ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင် တိုင်းရင်းသားလွှတ်တော် (၄)ရပ် တစ်ကန့်စီ ခွဲခြားကပ်ထားခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)