ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားမှုအား ကြည့်ရှုအားပေး

ပုဗ္ဗသီရိ စက်တင်ဘာ ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်ဓမ္မာရုံ၌ ၂၀၂၅ ခုနှစ်၊  အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားမှုအခြေအနေများကို ‌ပြည်သူများ လာ‌ရောက်ကြည့်ရှုနေမှုအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ကပ်ထားကြေညာသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် ပြောကြားသည်။

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၇၆ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ရှစ်သောင်းကျော်ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)