မိုင်းဖြတ် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်ပြည်သူစာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအားကို၊ အတွင်းရေးမှူး ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများက ဝမ်ဟွေရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ ဝမ်မိုင်ရပ်ကွက်တို့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မဲစာရင်းများကြေညာထားသည့်အခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ပြီး အသက် (၁၈) ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကြေညာထားခြင်းကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ (၁၄)ရက်ကြာ ကြေညာထားမည်ဖြစ်သည်။ မိုင်းဖြတ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၁)အုပ်စုတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၁၉၃၃၂)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။
မြို့နယ်(ပြန်/ဆက်)