မိုင်းယောင်းမြို့၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

မိုင်းယောင်း စက်တာဘာ ၃၀

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်း‌ယောင်းမြို့နယ် ရက်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့တွင် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာပေးရာ သက်ဆိုင်ရာမဲဆန္ဒရှင်များမှ မိမိအမည်စာရင်းအား လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားသည့်နေရာများနှင့် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို ခရိုင်/မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်ဆောင်ရွက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများ၊ ပြင်ဆင်လိုသူများ၊ ကန့်ကွက်လိုသည်များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့  မဲစာရင်းထုတ်ပြန်ကြေညာသည့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အတွင်း သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)