ကျိုင်းတုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ကျိုင်းတုံ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရက်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့မှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားသည့်နေရာများသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ  တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများ၊ မဲဆန္ဒရှင်များအချက်အလက်များ ပြင်ဆင်လိုသူများ၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည်များကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  မဲစာရင်းထုတ်ပြန်ကြေညာသည့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)