မိတ္ထီလာ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၆၃၇၇၀၈ ဦးရှိကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာခြင်းကို မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိသည်။ ထိုသို့ မဲစာရင်းများ ပထမအကြိမ်ကြေညာရာတွင် မိတ္ထီလာမြို့နယ်တွင် မဲပေးနိုင်သူ ၂၁၉၉၅၉ ဦး၊ မလှိုင်မြို့နယ်တွင် မဲပေးနိုင်သူ ၁၀၆၄၆၁ ဦး၊ သာစည်မြို့နယ်တွင် မဲပေးနိုင်သူ ၁၅၂၄၃၁ ဦး၊ ဝမ်းတွင်းမြို့နယ်တွင် မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိရာ မိတ္ထီလာခရိုင်တွင် ပထမအကြိမ်မဲစာရင်း၌ မဲပေးနိုင်သူ ၆၃၇၇၀၈ ဦး ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)