အောင်‌မြေသာစံမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများပထမအကြိမ်ကြေညာ

အောင်မြေသာစံ  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး‌၊ အောင်မြေသာစံခရိုင်၊‌ အောင်‌မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ရပ်ကွက်၌ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန်အတွက် စာရင်းများအား စက်တင် ဘာလ ၃၀ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေခြင်းများ ရှိပါက ရပ်ကွက်ကော်မရှင်ခွဲများထံတွင် ပုံစံများအား အခမဲ့ ထုတ်ယူနိုင်၍ ပြင်ဆင်နိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်ထံမှ သိရသည်။

မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)