မိုးနဲ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စု အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းစာကြည့်တိုက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာအုပ်စာစောင်များ အထားအသိုမှန်ကန်စေရေး၊ စာငှား၊ စာဖတ်သူများပြားရေး၊ ကျောင်းစာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရေး၊ စာကြည့်တိုက်၏ အသုံးဝင်ပုံကို ကျောင်းသား/သူများ နားလည်သဘောပေါက်လာစေရေး၊ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးနှင့် ရေးသွင်းရက်စွဲနှင့် တိုက်ပိုင်နံပါတ်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို