လယ်ဝေး စက်တင်ဘာ ၃၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မတီဝင်များ နေပြည်တော်လေဆိပ်သွား လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့နယ် အားကစားကွင်းဘေးပတ်လည်တွင် ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး အရိပ်ရမဟော်ဂနီပင်အားစိုက်ပျိုးပေးကာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက မဟော်ဂနီ ၅၀ပင်၊ ရေတမာ ၁၃၀ ပင်၊ ခရေ ၂၀ပင်၊ စုစုပေါင်း အပင် ၂၀၀ စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ အေလာအဝင်၊ အေလာသီရိလမ်း ဘေးဝဲယာတွင် အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးကာ ရာသီမရွေး စိမ်းလန်းစိုပြည်ရေးအတွက် ရေမြေသဘာဝနှင့်ကိုက်ညီသည့် ပန်းအလှပင်များစိုက်ပျိုးရေးနှင့် စိုက်ပျိုးထားသည့် အရိပ်ရ၊ ပန်းအလှပင်များ ရှင်သန်ဖြစ်ထွန်းစေရေး အမြဲမပြတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)