၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့ထုတ်စံပြကွက် (၅)ဧကကွင်းသရုပ်ပြပွဲ ကျင်းပ

နောင်ချို စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လယ်ကျင်းကွေ့ကျေးရွာတွင် တောင်သူ ဦးကျော်မြင့်၏ ယာမြေ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့ထုတ်စံပြကွက် (၅)ဧက ကွင်းသရုပ်ပြပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူ (၃၁) ဦးအား ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ ထုတ် (၅၀) ဧကအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)