မိုင်းနောင် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်နာရီမှ ၈ စတင်၍ မြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်တွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမှုအား ဌာနဆိုင်ရာအကြီးအကဲများက နံနက်(၉)နာရီမှစတင်၍ ရပ်ကွက်အလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကြီးကြပ် ဆောင်ရွက်ခဲ့သည်။
မိုးသောက်(မိုင်းနောင်)