တံတားဦးမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင် စာရင်းများ ကြေညာ

တံတားဦး စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များအား စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် ကြေညာဘုတ်များဖြင့် ကြေညာထားရှိမှုအား တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာ(၁၃)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရှင်းတွင် မိမိနာမည်၊ မှဝ်ပုံတင်အမှတ်၊ အဘအမည် အစရှိသည်များ မှားယွင်းနေပါက  ပုံစံ ၄ (က)ဖြင့်ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။ အထက်ပါပုံစံများအား ရပ်ကွက်၊ ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သန်းထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)