ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများကြေညာ

ပျော်ဘွယ် စက်တင်ဘာ ၃၀

ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒှရှင်စာရင်းများ ကြေညာခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ စတင်ကြေညာထားကြောင်း သိရသည်။

မဲဆန္ဒရှင်များစာရင်းကြေညာခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်နေ့အထိ (၂)ပတ်ကြာ ကြေညာထားဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးမည့်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်တောင်းဆိုရမည်ဖြစ်ကြောင်း၊ မိမိအမည်၊ မှတ်ပုံတင်အမှတ်၊ အဘအမည် စသည့်အချက်အလက်များကွဲလွဲနေပါက ပုံစံ(၄-က)ဖြင့်ပြင်ဆင်ရမည်ဖြစ်ပြီး အဆိုပါပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံမှ အခမဲ့ထုတ်ယူနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ မဲဆန္ဒရှင်စာရင်းများကြေညာထားမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ပေါင်းစပ်ညှိနှိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)