မတ္တရာမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆောင်ရွက်

မတ္တရာ စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေး အသိပညာပေးရာတွင် မတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်လွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ဗိုလ်ချုပ်‌အောင်ဆန်းလမ်းမကြီးတလျောက်ရှိ လမ်းဆုံလမ်းခွများ၊ မြို့မစျေးအနီးရှိ လူစည်ကားသောနေရာများတွင် ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးခြင်း၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေး၊ မော်တော် ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသူများကို စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)