ကိုကိုးကျွန်း စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပထမနှစ်ဝက်ဆုံး တက်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါ ပထမနှစ်ဝက်ဆုံး တက်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို (၂၆-၉-၂၀၂၅)ရက်မှ (၄-၁၀-၂၀၂၅) ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် Grade-4 မှ Grade-12 အထိ ဖြေဆိုလျက်ရှိကြောင်း ကိုကိုးကျွန်းမြို့နယ် ကျောင်းအုပ်ဆရာမကြီးဒေါ်သန္တာလှိုင်ထံမှ သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)