ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်သည့်ကာလအတွင်း တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
ထိုသို့ လွယ်အိတ်များရက်လုပ်ရာတွင် ချည်တစ်ပေါင်လျှင် လွယ်အိတ်အကြီး(၂)လုံးရရှိပြီး လွယ်အိတ်သေးလျှင် (၄)လုံးရရှိကြောင်း၊ လူတစ်ဦးတစ်ရက်လျှင်လွယ်အိတ်အကြီး(၂)လုံး ရက်လုပ်ပြီးစီး ကြောင်း၊ လွယ်အိတ်များ အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပြီး လွယ်အိတ်အကြီး တစ်လုံးလျှင် ၆၅၀၀ကျပ်နှင့် အသေး၄၅၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိကြောင်း နောင်ခဲကျေးရွာ နေ ပအိုဝ်းရိုးရာလွယ်အိတ် ရက်လုပ်သူ ဒေါ်နန်းဟုန်းထံမှ သိရှိရသည်။
အဆိုပါပအိုဝ်းရိုးရာလွယ်အိတ်များကို ကျောက်တလုံးကြီးမြို့ဒေသအတွင်း၌ ရိုးရာအဖြစ်အသုံးပြုကြပြီး ရိုးရာပွဲတော်များ၊ ပွဲလမ်းသဘင်များ၊ ဒေသခံကျောင်းသား၊ ကျောင်းသူများ ပညာရည် နို့သောက်စို့ရာတွင် ကျောင်းလွယ်အိတ်အဖြစ် အသုံးပြုကြပြီး ဘုရားကျောင်းကန်သွားရောက်ကြသောအခါနှင့် လက်ဆောင်ပေးသောအခါ အသုံးပြုကြကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)