သန်လျင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂

သန်လျင်ခရိုင် သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၁၁) နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းက သင်တန်းသားများ ဆုံးမသြဝါဒစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ(၁)ရက်နေ့မှ (၂၆)ရက်နေ့ထိ (၂၆) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား(၅၀)ဦးတို့ တက်ရောက်ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ