အောင်မြေသာစံ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းဆေးအဖွဲ့သည် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းနှင့်သူနာပြုများက အဘိုး၊ အဘွား (၃၅) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံပြန်/ဆက်)