မိုင်းဖြတ်မြို့နယ်၌ (World Rabies Day)အထိမ်းအမှတ် လှုပ်ရှားမှု ဆောင်ရွက်

မိုင်းဖြတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်တွင် (World  Rabies Day)နေ့ လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟိုနားကျေးရွာ၌ ပြုလုပ်ခဲ့သည်။   

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက ခွေးရူးရောဂါဖြစ်ပွားနေသည့် ခွေးတွင်တွေ့ရသော ရောဂါလက္ခာများ၊ ခွေးရူးရောဂါကို ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် ကလေးများကို ကာကွယ်ဆေးကြိုတင်ထိုးနှံရန် အကြံပြုချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေးလက်ကမ်းစာစောင်းများကို ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ ခွေး ၂၅ ကောင်အား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)