မြင်းခြံမြို့၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးဟောပြောပွဲတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးတင်ဇော်ထွေးက စားသုံးသူများ သိထားရမည့် အချက်များနှင့်လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)