မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ

အောင်မြေသာစံ စက်တင်ဘာ ၂၉

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ၂၉ ရက်နေ့ နံနက် ၆ နာရီက ကုသိုလ်ပြုလောင်းလှူကြသည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် တောင်သမန်ကျောင်းတိုက်မှ သံဃာတော်အပါး(၅၀)၊ ငါးဆူတိုကမှ သံဃာတော်အပါး(၁၀)၊‌ ပုဂံအတွင်းဝန်တိုက်မှ သံဃာတော်အပါး(၄၀)နှင့် မြင်းဝန်တိုက်မှ သံဃာတော်အပါး(၁၅၀)၊ စုစုပေါင်းအပါး(၂၅၀)တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့်အတူ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူများက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌ငွေများ ဆက်ကပ်လောင်းလှူကြ‌ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)