မိုင်းယောင်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ဝမ်ဟွန်းကျေးရွာတွင် တောင်သူခုနစ်ဦးမှ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အောင်နိုင်တိုးမျိုး မိုးစပါးကို ခုနစ်ဧက စမ်းသပ်စိုက်ပျိုးရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ အောင်မြင်ဖြစ်ထွန်းနေသည့် အောင်နိုင်တိုးမျိုး မိုးစပါးစိုက်ခင်းကို ယမန်နေ့ကခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း