သန်လျင်မြို့နယ် အ.ထ.ကကျောက်ရေတွင်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ရန်ကုန် စက်တင်ဘာ ၂၈

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.ထ.က ကျောက်ရေတွင်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စနစ်တကျလက်ဆေးနည်းများ၊ သွားခံတွင်းသန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ကာ အာဟာရဖြစ်စေမည့် အစား အစာများအားကျွေးမွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)