မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မှော်ဘီ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအားမှော်ဘီမြို့နယ် ကံကုန်းကျေးရွာလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်တာဝန်ရှိဝန်ထမ်းများက ကွန်ကရစ်ခင်းခြင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နေရာသို့သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကံကုန်းရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ (၅၀)နှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာသူ/သားများကလည်း လိုအပ်သလို ကူညီဆောင်ရွက်လျက်ရှိရာ ရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းအား အင်ဂျင်နီယာများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းလမ်းပြီးစီးပါကကျေး ရွာသူကျေးရွာသားများ ကျေးရွာအတွင်း သွားလာရေးအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းအား တာဝန်ရှိအကြီးကဲများနှင့် ခရိုင်ဦးစီးမူး၊မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ခံအင်/ယာများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)