ဒဂုံတောင် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍ မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိအခမဲ့စမ်းသပ်စစ်ဆေးကုသမှုပေးခြင်း၊ မျက်မှန်များ အခမဲ့တပ်ဆင်ပေးခြင်းနှင့်မျက်စဉ်းခပ်ကုသပေးခြင်းတို့ကို (၂၀)ရပ်ကွက်၊ မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗဟန်းအမျိုးသမီးဆေးရုံမှ ဆေးရုံအုပ်ဦးဆောင်သော ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးနှင့် ဗဟန်းအမျိုးသမီးဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီးများအဖွဲ့သည် မျက်စိဝေဒနာရှင်(၃၆၇)ဦးအား အခမဲ့စမ်းသပ်စစ်ဆေးကုသမှုပေးပြီး ခွဲစိပ်ရန်လိုအပ်သော မျက်စိအတွင်းတိမ်လူနာ(၄၂)ဦးအား ဗဟန်းအမျိုးသမီးဆေးရုံတွင် ယခုရက်သတ္တပတ်အတွင်း ခွဲစိပ်ကုသပေးနိုင်ရန်စီစဉ်ခြင်း၊ မျက်မှန်လိုအပ်သူလူနာ (၂၁၃)ဦးအား မျက်မှန်များ အခမဲ့ပြုလုပ်ပေးခြင်း၊ မျက်စဉ်းခပ်၍ကုသရန် လိုအပ်သူလူနာ(၇၇)ဦးအား မျက်စဉ်းများအခမဲ့ပေးခြင်းများ ဆောင်ရွက်ပေးပြီး မျက်စိရောဂါလာရောက်ပြသူများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ဆီးချို၊ သွေးတိုးစသည့် မကူးစက်တတ်သောရောဂါများ ရှာဖွေဖော်ထုတ်ကုသမှုပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှလည်း တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
နေမျိုးအောင်